စဉ် | ရက်စွဲ | အစည်းအဝေး | အမည်/မဲဆန္ဒနယ် | အကြောင်းအရာ | မှတ်ချက် |
---|---|---|---|---|---|
1 |
13/12/2017
|
နဝမပုံမှန်အစည်းအဝေး | ဒေါ်ခင်မိုးဝါသာပေါင်းမြို့နယ်အမှတ်(၁) | ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆောက်အဉီး လမ်းတံတားများ တည်ဆောက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများအား မှန်ကန်အကြီးရှိစွာ သုံးစွဲနိုင်စေရေး အရည်အသွေးစံချိန်စံညွှန်းပြည့်ဝသော လမ်းတံတားများ ပေါ်ပေါက် စေရေး အတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ပွင့်လင်း မြင်သာမှုရှိသော အရည်အသွေး စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်စေရေးနှင့် သတ်မှတ် စံချိန် စံညွှန်းများ ပြည့်မီခြင်းမရှိ ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။ |
တိုက်တွန်း |
2 |
12/12/2017
|
နဝမပုံမှန်အစည်းအဝေး | ဒေါ်ရီရီထွန်းအိမ်မဲမြို့နယ်အမှတ်(၁) | ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ရပ်ကျေးစာရေးများ ၊ မြေစာရင်းဦးစီဌာန ၊ ရပ်ကျေးမြေတိုင်း စာရေးများ၏ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်စွာ မြှင့်တင်ပေးနိုင်ရန်နှင့် ကျေးရွာနှစ်ရွာပူးတွဲ တာဝန် ပေးအပ် ထားရသော လစ်လပ်နေရာများကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ရန်၊ တာဝန်ပေးအပ်ရာတွင်လည်း ၎င်းတို့ မိသားစုများရှိရာ ကျေးရွာများ နှင့် အနီးစပ်ဆုံး တာဝန်ပေး အပ်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်နှင့် ဝတ္တရားများကို ပွင့်လင်းမြင်သာစွာ တစိုက်မတ်မတ် လုပ်ဆောင် နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ကြပ်မတ် လမ်းညွှန်သွားနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တိုက်တွန်းကြောင်း အဆို။ |
မှတ်တမ်းတင် |
3 |
01/11/2017
|
အဋ္ဌမပုံမှန်အစည်းအဝေး | ဦးဌေးအောင်ဝါခယ်မမြို့နယ်အမှတ်(၁) | ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ် ၊ မြို့ ၊ ကျေးရွာကြီးများမှာ အများပိုင်မြေ ၊ အစိုးရပိုင်မြေနှင့် စည်ပင်သာယာပိုင် မြေများပေါ်တွင် ကျူးကျော်၍ အဆောက်အအုံများ ဆောက်ထားခြင်း ၊ ခြံဝန်းများ ကာရံထားခြင်းနှင့် အမျိုးမျိုး ကျူးကျော်နေသည်များကို စည်းမျဉ်းစည်းကမ်း ဥပဒေများ နှင့်အညီ စိစစ်ကြပ်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆို။ |
မှတ်တမ်းတင် |
4 |
27/10/2017
|
အဋ္ဌမပုံမှန်အစည်းအဝေး | ဦးလှမိုးအောင်မြန်အောင်မြို့နယ်အမှတ်(၁) | ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးကိုအခြေခံသော အခြေအနေ မှ စိုက်ပျိုးရေးကို အဓိက ပထမဦးစားပေး အခြေအနေအဖြစ် ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။ |
တိုက်တွန်း |
5 |
17/08/2017
|
သတ္တမပုံမှန်အစည်းအဝေး | ဦးဘိုဘိုမင်းဇော်ဖျာပုံမြို့နယ်အမှတ်(၂) | ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်ရန် အတွက် နိုင်ငံတော်ဘတ်ဂျက် ၊ ချေးငွေ ၊ လှူဒါန်းထောက်ပံ့ငွေနှင့် အခြားသော စီမံခန့်ခွဲမှုများကို ပွင့်လင်းမြင်သာစွာ စီမံဆောင်ရွက်ရန် လိုအပ်လျက်ရှိသောကြောင့် ပြည်သူလူထု ပူးပေါင်း ပါဝင်နိုင်သည့် အဆင့်ဆင့်သော ကော်မတီများဖွဲ့စည်း ဆောင်ရွက်ပေးပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။ |
တိုက်တွန်း |