Skip to main content
စဉ် ရက်စွဲ အစည်းအဝေး အမည်/မဲဆန္ဒနယ် အကြောင်းအရာ မှတ်ချက်
11
02/02/2017
စတုတ္ထပုံမှန်အစည်းအဝေး ဒေါ်ခိုင်ဇင်ဦးမြောင်းမြမြို့နယ်အမှတ်(၂)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘက်လိုက်မှု အဂတိ လိုက်စားမှုများ ရှိသည်ကို ကြားသိနေရပါသဖြင့် ၎င်းတို့ကို တိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက်ချမှတ်စီရင်နိုင်ပါရန် တရား စီရင်ရေးကဏ္ဍကို ထိန်းကြောင်း တည့်မတ်ပေးပါရန် တိုက်တွန်း ကြောင်း အဆို။

တိုက်တွန်း
12
21/11/2016
တတိယပုံမှန်အစည်းအဝေး ဒေါ်ရီရီထွန်းအိမ်မဲမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့များ၊ ဥပဒေရုံးများသည် ပြည်သူတို့ကအားကိုး ယုံကြည်ရသော နေရာဌာနအဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးနှင့် ပဋိပက္ခများကို အေးချမ်းစွာဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်ရေးကို ကူညီထိန်းသိမ်းပေးနိုင်ရန် ရည်ရွယ်၍ တင်သွင်းခြင်း ဖြစ်ပါသည်။ ဥပဒေတိုင်းတွင် အတိမ်အနက် အလျော့အတင်းများ ချွင်းချက်များရှိနေသည်ကို မှန်ကန်သည့် အသုံးချ နည်း မဟုတ်ပါလျှင် တရားဥပဒေမှ မတရား ဥပဒေများ ဖြစ်လာနိုင်ပါသည်။ ဥပဒေကို လိုသလို အသုံးချနေခြင်းမျိုး မဖြစ် စေရန် နှင့် မလိုအပ်သည့် ကိစ္စရပ်များကိုလည်း ဥပဒေကို အသုံးချကာ တရားရုံးများတွင် ရင်ဆိုင် ရခြင်းမျိုး မဖြစ်စေရန်လည်း အရေးကြီး လှပါသည်။ လူတစ်ဦးချင်း တန်းတူညီမျှတဲ့ ဥပဒေအကာကွယ်များရရှိပြီး လူ့ဂုဏ် သိက္ခာကို မထိခိုက်စေရန် ပြည်သူ့အကူအညီဖြင့် သတင်းအချက် အလက်များ ရယူပြီး တရားဥပဒေ စိုးမိုးရေးကို အလေးထား ကြပ်မတ် ပေးရန်တိုက်တွန်းကြောင်းအဆို။

တိုက်တွန်း
13
22/11/2016
တတိယပုံမှန်အစည်းအဝေး ဒေါ်ခင်မိုးဝါသာပေါင်းမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသယံဇာတ၊ ငါးသယံဇာတမပြုန်းတီးစေရန်နှင့် ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ် စောင့်ရှောက်နိုင်စေရန်ကို ရှေးရှု၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေချိုငါး လုပ်ငန်း ဥပဒေ ၂ / ၂၀၁၂ ကို တိတိကျကျ လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေ၊ နည်းဥပဒေများကို ချိုးဖောက်ကာ ငါးလုပ်ငန်း လုပ်ကိုင်နေကြသော ရေလုပ်ငန်းရှင်များနှင့် ဤသို့ ဥပဒေချိုးဖောက်ကာ လုပ်ကိုင်ဆောင်ရွက် နေမှုများအား အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ မျက်ကွယ်ပြုနေသည့် တာဝန်ရှိသူများ အပေါ် ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်ခြင်းမပြုစေရန် တည်ဆဲဥပဒေများအား တိတိကျကျလိုက်နာ ဆောင်ရွက်နိုင်စေရန် အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက် ပေးပါရန် တိုက်တွန်းကြောင်းအဆို။

တိုက်တွန်း
14
18/11/2016
တတိယပုံမှန်အစည်းအဝေး ဦးလှမိုးအောင်မြန်အောင်မြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ လမ်း ၊ တံတား ၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် ခရိုင်အလိုက် သတ်မှတ်ထားသော ဈေးနှုန်းများကို ပြန်လည်သုံးသပ်ပြီး ဒေသဆိုင်ရာ ဈေးနှုန်းများဖြင့် တွက်ချက်ရန်နှင့် ပြည်သူများကို စည်ပင်သာယာနှင့် ပတ်သက်သော အသိပညာပေးမှုများကို လက်ရှိအနေထားထက် ပိုပြီးပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အဆို။

တိုက်တွန်း
15
17/11/2016
တတိယပုံမှန်အစည်းအဝေး ဒေါ်သီတာကျုံပျော်မြို့နယ်အမှတ်(၁)

ကော့သလိုင်တာကြောင့် နှစ်စဉ်ရေကြီးနစ်မြုပ်မှု ခံစားနေရသော တောင်သူလယ်သမားဘဝ အဆင်ပြေ ချောမွေ့ စေရန် ကော့သလိုင် ရေတံခါးကို ရေလုံလောက်စွာ စီးဆင်းနိုင်စေဖို့ ရေတံခါးချဲ့ပေးရန် ရေပိုလွှဲတမံအား (၁) ပေကျော်ထိ နှိမ့်ပေးရန်၊ ထို့အတူ ဗောဓိချောင်းကို အသေပိတ်ထားသော နှဲကော အစွန်းတာကို ဖွင့်ပေးရန် (သို့) လုံလောက်သော ရေတံခါး တပ်ဆင်ပေးနိုင်ပါရန် ဧရာဝတီတိုင်း ဒေသကြီးအစိုးရဖွဲ့အား တိုက်တွန်းကြောင်း အဆို။

တိုက်တွန်း

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး