Skip to main content

ဒေါ်ရီရီထွန်းအဆိုတင်သွင်းခြင်း(ဒုတိယပုံမှန်)

မေးမြန်းသူ -

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိသည့် တောင်သူလယ်သမားများ၏ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) များ ထုတ်ပေးရာတွင် မြေကြီးမြေပုံ၊ နယ်နိမိတ်ထိစပ်နေသူ အမည်များ ၊ ဧရိယာလွဲမှားမှုများ ရှိနေပါသည်။ အချို့ပုံစံ (၇)များတွင် လယ်သမား(၂)ဦး စလုံး၌ မြေကွက်ဧရိယာများ ရောထွေးနေသဖြင့် လယ်ယာမြေ အငြင်းပွားမှုများ၊ လယ်ယာမြေ မှုခင်းများ ဖြစ်ပွား နေသည်ကို တွေ့ရှိရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် အများပြည်သူတောင်သူ လယ်သမားများ၏ အကျိုးကို အစိုးရအနေဖြင့် ဖော်ဆောင်ရာတွင် မှန်ကန်တိကျသည့် စာရင်းဇယားများအပေါ်တွင်သာ အခြေခံစီမံဆောင်ရွက်သွားနိုင် ရေးကို ရှေးရှု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး