ဒေါ်ရီရီထွန်းအဆိုတင်သွင်းခြင်း(တတိယပုံမှန်)
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့များ၊ ဥပဒေရုံးများသည် ပြည်သူတို့ကအားကိုး ယုံကြည်ရသော နေရာဌာနအဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးနှင့် ပဋိပက္ခများကို အေးချမ်းစွာဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်ရေးကို ကူညီထိန်းသိမ်းပေးနိုင်ရန် ရည်ရွယ်၍ တင်သွင်းခြင်း ဖြစ်ပါသည်။ ဥပဒေတိုင်းတွင် အတိမ်အနက် အလျော့အတင်းများ ချွင်းချက်များရှိနေသည်ကို မှန်ကန်သည့် အသုံးချ နည်း မဟုတ်ပါလျှင် တရားဥပဒေမှ မတရား ဥပဒေများ ဖြစ်လာနိုင်ပါသည်။ ဥပဒေကို လိုသလို အသုံးချနေခြင်းမျိုး မဖြစ် စေရန် နှင့် မလိုအပ်သည့် ကိစ္စရပ်များကိုလည်း ဥပဒေကို အသုံးချကာ တရားရုံးများတွင် ရင်ဆိုင် ရခြင်းမျိုး မဖြစ်စေရန်လည်း အရေးကြီး လှပါသည်။ လူတစ်ဦးချင်း တန်းတူညီမျှတဲ့ ဥပဒေအကာကွယ်များရရှိပြီး လူ့ဂုဏ် သိက္ခာကို မထိခိုက်စေရန် ပြည်သူ့အကူအညီဖြင့် သတင်းအချက် အလက်များ ရယူပြီး တရားဥပဒေ စိုးမိုးရေးကို အလေးထား ကြပ်မတ် ပေးရန်တိုက်တွန်းကြောင်းအဆို။