ဒေါ်ရီရီထွန်းအဆိုတင်သွင်းခြင်း(နဝမပုံမှန်)
မေးမြန်းသူ -
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ရပ်ကျေးစာရေးများ ၊ မြေစာရင်းဦးစီဌာန ၊ ရပ်ကျေးမြေတိုင်း စာရေးများ၏ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်စွာ မြှင့်တင်ပေးနိုင်ရန်နှင့် ကျေးရွာနှစ်ရွာပူးတွဲ တာဝန် ပေးအပ် ထားရသော လစ်လပ်နေရာများကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ရန်၊ တာဝန်ပေးအပ်ရာတွင်လည်း ၎င်းတို့ မိသားစုများရှိရာ ကျေးရွာများ နှင့် အနီးစပ်ဆုံး တာဝန်ပေး အပ်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်နှင့် ဝတ္တရားများကို ပွင့်လင်းမြင်သာစွာ တစိုက်မတ်မတ် လုပ်ဆောင် နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ကြပ်မတ် လမ်းညွှန်သွားနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တိုက်တွန်းကြောင်း အဆို။