Skip to main content

ဟင်္သာတမြို့နယ်၊ လက်ပံလှအုပ်စုနှင့် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စုဆက်စပ်နယ်မြေ ဧရာဝတီမြစ်အတွင်း ကျောက်စုပ်ယူနေခြင်းကို အပြီးတိုင်ရပ်ဆိုင်းပေးရန် တိုင်ကြားခြင်းကိစ္စ

ပြည်သူတို့၏တင်ပြစာ၊ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီသည် (၂၆.၆.၂၀၁၉)ရက်နေ့၊ (၁၀း၀၀)နာရီ၊ ဟင်္သာတမြို့နယ်ဆည်မြောင်းရိပ်သာတွင် ဟင်္သာတမြို့နယ်၊ လက်ပံလှအုပ်စုနှင့် အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စုဆက်စပ်နယ်မြေ ဧရာဝတီမြစ်အတွင်း ကျောက်စုပ်ယူနေခြင်းကို အပြီးတိုင်ရပ်ဆိုင်းပေးရန် တိုင်ကြားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ကွင်းဆင်းကြားနာမှုပြုလုပ်ခဲ့ပါသည်။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး