ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး
အဋ္ဌမနေ့ အစီအစဉ်
[၁.၉.၂၀၂၀] (အင်္ဂါနေ့) ၊ နံနက် (၁၀) နာရီ
၁။ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နေရာယူခြင်း။
၂။ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း။
၃။ အစည်းအဝေးအစီအစဉ်ကြေညာခြင်း။
၄။ အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း။
၅။ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း -
(က) ဦးစိုးခိုင် ၊ လေးမျက်နှာ (၁) ၏ "တိုင်းအတွင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေး လုပ်ကွက်အမှတ် (A-6) စီမံကိန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုရှိ / မရှိ ၊ နိုင်ငံတော်မှ မည်သို့စီမံခွင့်ပြုထားပြီး စီမံကိန်းဆောင်ရွက်ပြီးစီးမှု ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေနှင့် တိုင်းဒေသကြီး / နိုင်ငံတော်အတွက် မည်သို့ အကျိုးကျေးဇူးများရရှိနိုင်သည်ကို သိရှိလိုကြောင်း " နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ခ) ဒေါက်တာစိုးသိမ်း ၊ ငပုတော (၁) ၏ " သဇင်ကျွန်း ချောင်းကူးတံတားနှင့် သဇင်ကျွန်း-ဒေါင့်ကြီး ကျေးရွာချင်းဆက်လမ်းအား ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ" နှင့်စပ်လျဉ်းသည့် မေးခွန်း။
(ဂ) ဒေါ်မြင့်မြင့်စန်း ၊ ဝါးခယ်မ (၂) ၏ "ဆိုင်အမှတ် (၁) ၊ ရွာလမ်း ၊ မင်္ဂလာသိမ်ကျေးရွာ ၊ တလိုင်းစုကျေးရွာအုပ်စုသို့ ပြောင်းရွေ့ဖွင့်လှစ်မည့် (CS2A) ယစ်မျိုးဆိုင်အား ကန့်ကွက်တင်ပြခြင်း" နှင့် စပ်လျဉ်းသည့်မေးခွန်း။
(ဃ) ဦးစိုးခိုင် ၊ လေးမျက်နှာ (၁) ၏ "၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ရှမ်းရွာ-ကျောင်းစု-ရေနောက်လမ်းအား တင်ဒါခေါ်ယူခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အပေါ် မည်သို့စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း" နှင့်စပ်လျဉ်းသည့်မေးခွန်း။
(င) ဒေါက်တာစိုးသိမ်း ၊ ငပုတော (၁) ၏ " ပြင်ခရိုင်ကျေးရွာ စိတ္တသုခတံတား ပြုပြင်ပေးရန် အစီအစဉ် ရှိ / မရှိ " နှင့် စပ်လျဉ်းသည့် မေးခွန်း။
(စ) ဒေါ်မြင့်မြင့်စန်း ၊ ဝါးခယ်မ (၂) ၏ " မြို့နယ်အတွင်း သိမ်းယူထားသည့် လယ်မြေများ အနက် ပလပ်မြေများ စွန့်လွတ်ရန် ၊ သုံးစွဲပြီးမြေများ နစ်နာကြေးပေးရန် အတွက် ၁၉၈၀ ခုနှစ်က သိမ်းထားသည်ဟုဆိုကာ မြေပြင်အခြေအနေမှန်ကို လက်မခံဘဲ အမှုပိတ်သိမ်းခြင်းအား ဖြေရှင်းပေးရေး " နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ဆ) ဦးအောင်ကျော်မြိုင် ၊ အိမ်မဲ (၂) ၏ " ညောင်ကုန်းချောင်းဖျား-သရက်ကုန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ အပြီးမသတ်နိုင်ပါက ပြင်/ထိန်း လုပ်ငန်းများဖြင့် အစားထိုးရန် အစီအစဉ် ရှိ/ မရှိ " နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ဇ) ဦးဌေးအောင် ၊ ဝါးခယ်မ (၁) ၏ "ကျေးရွာများတွင် Covid-19 ရောဂါဖြစ်ပေါ်နေချိန်၌ အမှန်တကယ် ဆင်းရဲနွမ်းပါးသူများအား ပံ့ပိုးပေးခြင်းမရှိသည့် အုပ်ချုပ်ရေးမှူးများ၏ လုပ်ရပ်ကို မည်သို့အရေးယူသွားမည်ကို သိရှိလိုကြောင်း" နှင့် စပ်လျဉ်းသည့်မေးခွန်း။
(ဈ) ဦးထွန်းလှ ၊ လပွတ္တာ (၂) ၏ " သင်္ဃန်းလေး-သင်္ဃန်းကြီး ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပေးရေး" နှင့်စပ်လျဉ်းသည့်မေးခွန်း။
(ည) ဒေါ်မြင့်မြင့်စန်း ၊ ဝါးခယ်မ (၂) ၏ " ကျမ်းတပ်အုပ်စုအတွင်းရှိ ကျမ်းတပ်နှင့် အဝဗြဲ ဖြတ်ဖောက်ထားသော စီမံကိန်းမြောင်း ပိတ်ဆို့ထားသည်ကို ပြန်လည်ဖွင့်လှစ် ပေးရေး" စပ်လျဉ်းသည့်မေးခွန်း။
၆။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီ၏ သဘောထားတင်ပြခြင်း။
၇။ ဥပဒေပြုရေးကော်မတီ၏ သဘောထားတင်ပြခြင်း။
၈။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးက ဥပဒေအတည်ပြုရေးအဆိုတင်သွင်းခြင်း။
၉။ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်း။
၁၀။ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်သွင်းသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ၊ ဧရာဝတီတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီ၏ သဘောထားတင်ပြခြင်း။
၁၁။ ဥပဒေပြုရေးကော်မတီ၏ သဘောထားတင်ပြခြင်း။
၁၂။ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးက ဥပဒေအတည်ပြုရေးအဆိုတင်သွင်းခြင်း။
၁၃။ တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူခြင်း။
၁၄။ တရားစီရင်ရေး ၊ ဥပဒေရေးရာဖွံ့ဖြိုးတိုးတက်ရေးနှင့် အစိုးရ၏ အာမခံချက်များ ၊ ကတိများ ၊ တာဝန်ခံချက်များစိစစ်ရေးကော်မတီသို့ ပေးပို့လာသော တိုင်ကြားစာကိစ္စရပ်များအပေါ် ဆောင်ရွက်ချက် အစီရင်ခံစာ တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးပို့သွားရန် ကြေညာခြင်း။
၁၅။ တိုင်းဒေသကြီးလွှတ်တော် ရေးရာကော်မတီ အဖွဲ့ဝင် (၃) ဦး အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် လွှတ်တော်အတည်ပြုချက်ရယူခြင်း။
၁၆။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း။
၁၇။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် (၂၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပြီးမြောက်ကြောင်း ကြေညာခြင်း။