Skip to main content

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) (ပထမနေ့)

၁။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၆)ရက် (ကြာသပတေးနေ့)၊ (၁၀:၀၀)နာရီအချိန်တွင်
ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)(ပထမနေ့)ကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပခဲ့ပါသည်-
(က) ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီ၏ တင်ပြချက်အရ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၅၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ စုစုပေါင်း (၇၂)ဦးအနက် (၆၇)ဦး တက်ရောက်ပြီး (၉၃.၀၆) ရာခိုင်နှုန်းရှိ၍ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
(ခ) နိုင်ငံတော်သမ္မတ က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် လစ်လပ်နေရာတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးမျိုးညွန့် ကို ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁) အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ (၁၈-၁၁-၂၀၂၀) ရက်စွဲပါစာအမှတ်၊ ၁၈၆ (၃) / ၈ / သမ္မတရုံး ဖြင့် အမည်စာရင်းအဆိုပြုချက်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၉ အရ လွှတ်တော်၏သဘောထားအဆုံးအဖြတ်ကို ရယူခဲ့ရာ အမည်စာရင်းအဆိုပြုချက်ပါ ပုဂ္ဂိုလ်အား ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဂ) ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးတစ်ဦး ခန့်အပ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး ကို ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၁)အရ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ (၂၀-၁၁-၂၀၂၀) ရက်စွဲပါစာအမှတ်၊ ၁၀၀ / ၁၀ - ၁ (၃၁၀)/ အစိုးရ(ဧရာဝတီ) ဖြင့် အမည်စာရင်း အဆိုပြုချက်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၀ အရ လွှတ်တော်၏သဘောထား အဆုံးအဖြတ်ကို ရယူခဲ့ရာ အမည်စာရင်းအဆိုပြု ချက်ပါ ပုဂ္ဂိုလ်အား ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
(ဃ) ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ပထမနေ့) ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ထပ်မံအသိပေး အကြောင်း ကြားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပါသည်။
၂။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ပထမနေ့)ကို (၁၀:၃၀) နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး