၁၀.၉.၂၀၁၉ရက်နေ့အစီရင်ခံစာ ရေးသားခြင်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပပြုလုပ်

၁၀.၉.၂၀၁၉ရက်နေ့၊ နံနက် (၁၀း၀၀)အချိန်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ပြည်သူတို့၏တင်ပြစာ၊ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာ ကော်မတီမှ အစီရင်ခံစာရေးသားခြင်းနှင့်စပ်လျဉ်း၍ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။