Skip to main content

ဒေါ်ရီရီထွန်းအဆိုတင်သွင်းခြင်း(ပထမပုံမှန်)

မေးမြန်းသူ -

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အရည်အသွေး ပြည့်ဝမှုမရှိခြင်း ၊ စံချိန် စံညွှန်းမမီသော အဆောက်အဦများကို ဒေသတိုင်းတွင် တွေ့ရှိရပါသဖြင့် ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစွာ ရရှိနိုင်ပြီး ဒေသခံပြည်သူများ ရေရှည် အကျိုးရှိစေရေး ၊ နိုင်ငံတော်အတွက်လည်း ရေရှည် အကျိုးရှိသော အဆောက်အဦများ ဖြစ်ပေါ်စေရေးတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆို။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး