ဦးလှမိုးအောင်အဆိုတင်သွင်းခြင်း(ပထမပုံမှန်)
ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်းဖြစ်သော ကြံခင်း ၊ မြန်အောင် ၊ အင်္ဂပူ ၊ ဟင်္သာတ ၊ ဇလွန်မြို့နယ် အတွင်းရှိ မြစ်ကမ်းဘေးနေ ဒေသခံပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း ကျောက်များကို လိုင်စင်စည်းကမ်းဘောင်ကို ကျော်လွန်၍ ကျောက်စုပ်ယူနေခြင်း ၊ ကျောက်မစုပ်ရလို့ သတ်မှတ်ထားသော နယ်မြေများတွင် စုပ်ယူနေခြင်း ၊ ဒေသခံပြည်သူများ ဥပဒေမဲ့ ကျောက်စုပ်ခြင်းကို တိုင်ကြားသော်လည်း အရေးမယူခြင်း ၊ အရေးယူသော်လည်း ထိရောက်စွာ အရေးမယူခြင်းတို့ကြောင့် မြစ်ကမ်းပါးများသည် သဘာဝလွန်ကာ အမြန်ကမ်းပြို ခဲ့ပါသည်။ ထို့ကြောင့် ဒေသခံ ပြည်သူများသည် စီးပွားရေး ၊ ရေဘေးအန္တရာယ် ၊ နေရေးထိုင်ရေး ၊ ပညာရေး ၊ ကျန်းမာရေးစသော ကိစ္စများ အချိန်နှင့်အမျှ ထိခိုက်နစ်နာနေရသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အနေနှင့် ယခုနှစ် လိုင်စင်အသစ်များ ထုတ်ပေးသောအခါ အဓိက ပျက်စီးနေရာများတွင် လိုင်စင်များရုတ်သိမ်းခြင်း၊ ဌာနဆိုင်ရာ ပညာရှင်များ ကို ကွင်းဆင်းစစ်ဆေး အတည်ပြုစေခြင်း၊ ဥပဒေနှင့်အညီ မထုတ်လုပ်သူများကို ထိရောက်စွာ အရေးယူခြင်းနှင့် ထုတ်ပေးသော လိုင်စင်အပေါ် တိုင်းဒေသကြီးအစိုးရ အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆို။