၃၁.၈.၂၀၁၉ရက်နေ့ (၁၁:၀၀)အချိန်၊ လွှတ်တော်ရုံးမိသားစုမှ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွင် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့်သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့်အချိုပွဲဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
၃၀.၈.၂၀၁၉ရက်နေ့ (၁၃:၀၀)အချိန်၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဖွင့်ပဲအခမ်းအနားကို နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ ဗဟိုဝန်ဆောင်ဆရာတော် (၇)ပါး၊ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ဆရာတော်ကြီး (၅)ပါးတို့မှ ကြီးမှူးကျင်းပ၍ (၁.၉.၂၀၁၉)ရက်နေ့၊ (၁၃း၀၀)အချိန်တွင် အသံမစဲမဟာပဋ္ဌာန်းသိမ်းပွဲအခမ်းအနားကိုပြုလုပ်ခဲ့ပါသည်။
၂၀၁၉ခုနှစ်၊ သြဂုတ်လ (၂၃၊ ၂၄၊ ၂၅)ရက်နေ့များတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့မခြင်းလုံး အားကစားရုံကြီးအား တိုးချဲ့ ဆောက်လုပ်ပြုပြင်ခြင်း၊ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် (၁၁)ကြိမ်မြောက် ဝါဆိုခြင်းလုံးအလှခတ်ပွဲတော်ကြီးအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များမှ သွားရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆ
(၁၈.၈.၂၀၁၉)ရက်နေ့မှ (၂၁.၈.၂၀၁၉)ရက်နေ့အထိ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် ဒုတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ အလှူငွေနှင့်ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ပါသည်။