Skip to main content

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၂၀) (ဒုတိယနေ့)

၁။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၄)ရက် (သောကြာနေ့)၊ (၁၀:၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)(ဒုတိယနေ့)ကို ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ အောက်ပါအတိုင်း ကျင်းပပြုလုပ်ခဲ့ပါသည်-
(က) ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ဒုတိယနေ့)ကို ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီ ၏ တင်ပြချက်အရ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၅၄)ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ စုစုပေါင်း (၇၂)ဦးအနက် (၆၄)ဦးတက်ရောက်ပြီးအစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ (၈၈.၈၉)ရာခိုင်နှုန်းတက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်း နှင့် စတင်ကျင်းပကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၁-၁၂-၂၀၂၀) ရက်စွဲပါ အမိန့်အမှတ် (၃၀/၂၀၂၀) ဖြင့် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဦးမျိုးညွန့် ကို ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် အဖြစ် လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၁-၁၂-၂၀၂၀) ရက်စွဲပါ အမိန့်အမှတ် (၃၁/၂၀၂၀) ဖြင့် ဒေါ်မိုးမိုးအေး ကို ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်သဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်အဖြစ် လွှတ်တော်ဥက္ကဋ္ဌ၏ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးခဲ့သည်။
(ဃ) ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ က ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပြီးမြောက်ကြောင်း ကြေညာခဲ့သည်။
၂။ ဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) (ဒုတိယနေ့)ကို (၁၀:၁၅)နာရီအချိန်တွင် ကျင်းပပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး