(၁၂.၈.၂၀၁၉)ရက်နေ့သိမ်းဆည်းခံလယ်ယာမြေနှင့်ပတ်သက်၍ ပြန်လည်စိစစ်ပေးနိုင်ပါရန်ကိစ္စနှင့်စပ်လျဉ်း၍ အမှုနှင့်ပတ်သက်သူများကို တွေ့ဆုံကွင်းဆင်းဆောင်ရွက်
(၁၂.၈.၂၀၁၉)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ပြည်သူတို့၏တင်ပြစာ တိုင်ကြားစာနှင့်အသနားခံစာဆိုင်ရာကော်မတီမှ ပန်းတနော်မြို့နယ် ကျုံတိုင်းကြီး ကျေးရွာအုပ်စု သိမ်းဆည်းခံလယ်ယာမြေနှင့်ပတ်သက်၍ ပြန်လည်စိစစ်ပေးနိုင်ပါရန်ကိစ္စနှင့်စပ်လျဉ်း၍ အမှုနှင့်ပတ်သက်သူများကို တွေ့ဆုံကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။