Skip to main content
Document
စဉ် လွှတ်တော်အကြိမ် အစည်းအဝေးအကြိမ် ရက်စွဲ ကိုယ်စားလှယ်အမည် အကြောင်းအရာ အဆို/မေးခွန်း
1 ဒုတိယအကြိမ် နဝမပုံမှန်အစည်းအဝေး 13/12/2017
သာပေါင်းမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အဆောက်အဉီး လမ်းတံတားများ တည်ဆောက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများအား မှန်ကန်အကြီးရှိစွာ သုံးစွဲနိုင်စေရေး အရည်အသွေးစံချိန်စံညွှန်းပြည့်ဝသော လမ်းတံတားများ ပေါ်ပေါက် စေရေး အတွက် တာဝန်ယူမှု ၊ တာဝန်ခံမှု ပွင့်လင်း မြင်သာမှုရှိသော အရည်အသွေး  စိစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နိုင်စေရေးနှင့် သတ်မှတ် စံချိန် စံညွှန်းများ ပြည့်မီခြင်းမရှိ ပါက သက်ဆိုင်ရာ တာဝန်ရှိသူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
2 ဒုတိယအကြိမ် နဝမပုံမှန်အစည်းအဝေး 12/12/2017
အိမ်မဲမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ ရပ်ကျေးစာရေးများ ၊ မြေစာရင်းဦးစီဌာန ၊ ရပ်ကျေးမြေတိုင်း စာရေးများ၏ လုပ်ငန်းတာဝန်များ လုပ်ဆောင်ရာတွင် ပိုမိုထိရောက်စွာ မြှင့်တင်ပေးနိုင်ရန်နှင့် ကျေးရွာနှစ်ရွာပူးတွဲ တာဝန် ပေးအပ် ထားရသော လစ်လပ်နေရာများကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်ရန်၊ တာဝန်ပေးအပ်ရာတွင်လည်း ၎င်းတို့ မိသားစုများရှိရာ ကျေးရွာများ နှင့် အနီးစပ်ဆုံး တာဝန်ပေး အပ်နိုင်ရန် ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်နှင့် ဝတ္တရားများကို ပွင့်လင်းမြင်သာစွာ တစိုက်မတ်မတ် လုပ်ဆောင် နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ကြပ်မတ် လမ်းညွှန်သွားနိုင်ရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် တိုက်တွန်းကြောင်း အဆို။

အဆိုများ
3 ဒုတိယအကြိမ် အဋ္ဌမပုံမှန်အစည်းအဝေး 01/11/2017
ဝါခယ်မမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ် ၊ မြို့ ၊ ကျေးရွာကြီးများမှာ အများပိုင်မြေ ၊ အစိုးရပိုင်မြေနှင့် စည်ပင်သာယာပိုင် မြေများပေါ်တွင် ကျူးကျော်၍ အဆောက်အအုံများ ဆောက်ထားခြင်း ၊ ခြံဝန်းများ ကာရံထားခြင်းနှင့် အမျိုးမျိုး ကျူးကျော်နေသည်များကို စည်းမျဉ်းစည်းကမ်း ဥပဒေများ နှင့်အညီ စိစစ်ကြပ်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆို။

အဆိုများ
4 ဒုတိယအကြိမ် အဋ္ဌမပုံမှန်အစည်းအဝေး 27/10/2017
မြန်အောင်မြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စိုက်ပျိုးရေးကိုအခြေခံသော အခြေအနေ မှ စိုက်ပျိုးရေးကို အဓိက ပထမဦးစားပေး အခြေအနေအဖြစ် ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
5 ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေး 17/08/2017
ဖျာပုံမြို့နယ်အမှတ်(၂)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်နိုင်ရန် အတွက် နိုင်ငံတော်ဘတ်ဂျက် ၊ ချေးငွေ ၊ လှူဒါန်းထောက်ပံ့ငွေနှင့် အခြားသော စီမံခန့်ခွဲမှုများကို ပွင့်လင်းမြင်သာစွာ စီမံဆောင်ရွက်ရန် လိုအပ်လျက်ရှိသောကြောင့် ပြည်သူလူထု ပူးပေါင်း ပါဝင်နိုင်သည့် အဆင့်ဆင့်သော ကော်မတီများဖွဲ့စည်း ဆောင်ရွက်ပေးပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
6 ဒုတိယအကြိမ် သတ္တမပုံမှန်အစည်းအဝေး 04/08/2017
ဝါခယ်မမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး၏ အချို့သောမြို့နယ်များ၊ မြို့များ၊ ကျေးရွာကြီးများမှာ ဓါတ်ဆီ၊ ဒီဇယ်ဆီ၊ ရေနံဆီ များကို မြို့လယ်ခေါင် ၊ ရပ်ကွက် ၊ ဈေးခန်းကျဉ်းများမှာ ရောင်းချ သိုလှောင်ထားမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ကြပ်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆို။

အဆိုများ
7 ဒုတိယအကြိမ် ဆဋ္ဌမပုံမှန်အစည်းအဝေး 19/05/2017
ဝါခယ်မမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး၏ မြို့နယ်ချို့မှကျေးရွာများမှ ခွင့်ပြုချက်မရှိဘဲ ငါးမွေးကန်များ တူးဖော် လုပ်ကိုင်နေခြင်းနှင့် တာဝန်ရှိသူများ၏ တာဝန်မဲ့ လုပ်နေခြင်းများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်ကြပ်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆို။

အဆိုများ
8 ဒုတိယအကြိမ် ပဉ္စမပုံမှန်အစည်းအဝေး 22/03/2017
ပုသိမ်မြို့နယ်အမှတ်(၂)

ဧရာဝတီတိုင်းဒေသကြီး ပညာရေးဌာနမှ တာဝန်ရှိသူအချို့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် လွဲချော်မှုများ ၊ တာဝန်ယူမှု တာဝန်ခံမှုမရှိခြင်းများ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိစစ်အရေးယူ ထိန်းကြောင်း တည့်မတ်ပေးနိုင်ရေး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို။

အဆိုများ
9 ဒုတိယအကြိမ် ပဉ္စမပုံမှန်အစည်းအဝေး 16/03/2017
မြန်အောင်မြို့နယ်အမှတ်(၂)

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှ ကုမ္ပဏီများကို တင်ဒါချထားပေးရာတွင် မည်သို့မည်ပုံ စည်းကမ်းချက် မူဝါဒများဖြင့် လုပ်ပိုင် ခွင့် ပေးခဲ့ခြင်း ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများအား တင်ဒါစည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုမရှိပါက ပွင့်လင်း မြင်သာစွာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် မြို့နယ်အဆင့်အရည်အသွေး စိစစ်မှုကော်မတီများ ဖွဲ့စည်းရာတွင် လွှတ်တော် ကိုယ်စားလှယ်များကိုပါ တာဝန်ပေးအပ်ပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
10 ဒုတိယအကြိမ် ပဉ္စမပုံမှန်အစည်းအဝေး 08/03/2017
ဝါခယ်မမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး၏မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် သက်ဆိုင်ရာဝန်ထမ်းများ၏ မမှန်မကန်လုပ်ရပ်များကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထိန်းကြောင်း ကြပ်မတ်ပေးပါရန် တိုက်တွန်းကြောင်း အဆို။

အဆိုများ
11 ဒုတိယအကြိမ် စတုတ္ထပုံမှန်အစည်းအဝေး 02/02/2017
မြောင်းမြမြို့နယ်အမှတ်(၂)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများတွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဘက်လိုက်မှု အဂတိ လိုက်စားမှုများ ရှိသည်ကို ကြားသိနေရပါသဖြင့် ၎င်းတို့ကို တိုက်ဖျက်၍ မှန်မှန်ကန်ကန် စီရင်ချက်ချမှတ်စီရင်နိုင်ပါရန် တရား စီရင်ရေးကဏ္ဍကို ထိန်းကြောင်း တည့်မတ်ပေးပါရန် တိုက်တွန်း ကြောင်း အဆို။

အဆိုများ
12 ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး 21/11/2016
အိမ်မဲမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့များ၊ ဥပဒေရုံးများသည် ပြည်သူတို့ကအားကိုး ယုံကြည်ရသော နေရာဌာနအဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးနှင့် ပဋိပက္ခများကို အေးချမ်းစွာဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်ရေးကို ကူညီထိန်းသိမ်းပေးနိုင်ရန် ရည်ရွယ်၍ တင်သွင်းခြင်း ဖြစ်ပါသည်။ ဥပဒေတိုင်းတွင် အတိမ်အနက် အလျော့အတင်းများ ချွင်းချက်များရှိနေသည်ကို မှန်ကန်သည့် အသုံးချ နည်း မဟုတ်ပါလျှင် တရားဥပဒေမှ မတရား ဥပဒေများ ဖြစ်လာနိုင်ပါသည်။ ဥပဒေကို လိုသလို အသုံးချနေခြင်းမျိုး မဖြစ် စေရန် နှင့် မလိုအပ်သည့် ကိစ္စရပ်များကိုလည်း ဥပဒေကို အသုံးချကာ တရားရုံးများတွင် ရင်ဆိုင် ရခြင်းမျိုး မဖြစ်စေရန်လည်း အရေးကြီး လှပါသည်။ လူတစ်ဦးချင်း တန်းတူညီမျှတဲ့ ဥပဒေအကာကွယ်များရရှိပြီး လူ့ဂုဏ် သိက္ခာကို မထိခိုက်စေရန် ပြည်သူ့အကူအညီဖြင့် သတင်းအချက် အလက်များ ရယူပြီး တရားဥပဒေ စိုးမိုးရေးကို အလေးထား ကြပ်မတ် ပေးရန်တိုက်တွန်းကြောင်းအဆို။

အဆိုများ
13 ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး 22/11/2016
သာပေါင်းမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေသယံဇာတ၊ ငါးသယံဇာတမပြုန်းတီးစေရန်နှင့် ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ် စောင့်ရှောက်နိုင်စေရန်ကို ရှေးရှု၍ ဧရာဝတီတိုင်းဒေသကြီး၊ ရေချိုငါး လုပ်ငန်း ဥပဒေ ၂ / ၂၀၁၂ ကို တိတိကျကျ လိုက်နာ ဆောင်ရွက်ခြင်းမရှိဘဲ ဥပဒေ၊ နည်းဥပဒေများကို ချိုးဖောက်ကာ ငါးလုပ်ငန်း လုပ်ကိုင်နေကြသော ရေလုပ်ငန်းရှင်များနှင့် ဤသို့ ဥပဒေချိုးဖောက်ကာ လုပ်ကိုင်ဆောင်ရွက် နေမှုများအား အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ မျက်ကွယ်ပြုနေသည့် တာဝန်ရှိသူများ အပေါ် ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်ခြင်းမပြုစေရန် တည်ဆဲဥပဒေများအား တိတိကျကျလိုက်နာ ဆောင်ရွက်နိုင်စေရန် အတွက် တိုင်းဒေသကြီးအစိုးရအနေဖြင့် ထိထိရောက်ရောက် တာဝန်ယူဆောင်ရွက် ပေးပါရန် တိုက်တွန်းကြောင်းအဆို။

အဆိုများ
14 ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး 18/11/2016
မြန်အောင်မြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးဌာနမှ လမ်း ၊ တံတား ၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် ခရိုင်အလိုက် သတ်မှတ်ထားသော ဈေးနှုန်းများကို ပြန်လည်သုံးသပ်ပြီး ဒေသဆိုင်ရာ ဈေးနှုန်းများဖြင့် တွက်ချက်ရန်နှင့် ပြည်သူများကို စည်ပင်သာယာနှင့် ပတ်သက်သော အသိပညာပေးမှုများကို လက်ရှိအနေထားထက် ပိုပြီးပေးနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
15 ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး 17/11/2016
ကျုံပျော်မြို့နယ်အမှတ်(၁)

ကော့သလိုင်တာကြောင့် နှစ်စဉ်ရေကြီးနစ်မြုပ်မှု ခံစားနေရသော တောင်သူလယ်သမားဘဝ အဆင်ပြေ ချောမွေ့ စေရန် ကော့သလိုင် ရေတံခါးကို ရေလုံလောက်စွာ စီးဆင်းနိုင်စေဖို့ ရေတံခါးချဲ့ပေးရန် ရေပိုလွှဲတမံအား (၁) ပေကျော်ထိ နှိမ့်ပေးရန်၊ ထို့အတူ ဗောဓိချောင်းကို အသေပိတ်ထားသော နှဲကော အစွန်းတာကို ဖွင့်ပေးရန် (သို့) လုံလောက်သော ရေတံခါး တပ်ဆင်ပေးနိုင်ပါရန် ဧရာဝတီတိုင်း ဒေသကြီးအစိုးရဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
16 ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး 30/09/2016
မြန်အောင်မြို့နယ်အမှတ်(၂)

ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်များ အတွင်းရှိ ပုဂ္ဂလိက ရေနံချက် လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တော ပြုန်းတီးမှုများ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စွမ်းအင်ဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၁၅ ပါချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသော ရေနံချက် ဖိုများအား ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားအရ တိုင်းဒေသကြီးအစိုးရ အနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက် ပေးပါရန် နှင့် ဖျက်သိမ်း ပေးပါရန် တိုက်တွန်းကြောင်း အဆို။

အဆိုများ
17 ဒုတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေး 05/09/2016
အိမ်မဲမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိသည့် တောင်သူလယ်သမားများ၏ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ လုပ်ပိုင်ခွင့် ပုံစံ(၇) များ ထုတ်ပေးရာတွင် မြေကြီးမြေပုံ၊ နယ်နိမိတ်ထိစပ်နေသူ အမည်များ ၊ ဧရိယာလွဲမှားမှုများ ရှိနေပါသည်။ အချို့ပုံစံ (၇)များတွင် လယ်သမား(၂)ဦး စလုံး၌ မြေကွက်ဧရိယာများ ရောထွေးနေသဖြင့် လယ်ယာမြေ အငြင်းပွားမှုများ၊ လယ်ယာမြေ မှုခင်းများ ဖြစ်ပွား နေသည်ကို တွေ့ရှိရသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအနေဖြင့် အများပြည်သူတောင်သူ လယ်သမားများ၏ အကျိုးကို အစိုးရအနေဖြင့် ဖော်ဆောင်ရာတွင် မှန်ကန်တိကျသည့် စာရင်းဇယားများအပေါ်တွင်သာ အခြေခံစီမံဆောင်ရွက်သွားနိုင် ရေးကို ရှေးရှု၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို။

အဆိုများ
18 ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး 29/06/2016
သာပေါင်းမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တောင်သူလယ်သမားများ ဘဝ ဖွံ့ဖြိုးတိုးတက်စေရန် လယ်ယာ စိုက်ပျိုးချိန်တွင် အဓိက လိုအပ်ချက်ဖြစ်သော အောင်ရေ လုံလောက်စွာ ရရှိစေရန် နွေစပါးစိုက်ပျိုးချိန် မတိုင်မီ ချောင်းကော/ မြောင်းကောများ ပြန်လည် တူးဖော်ခြင်းနှင့် လိုအပ်ပါက မြောင်းသစ်များ တူးဖော် ပေးနိုင်ပါရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို။

အဆိုများ
19 ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး 29/06/2016
မြန်အောင်မြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီး အထက်ပိုင်းဖြစ်သော ကြံခင်း ၊ မြန်အောင် ၊ အင်္ဂပူ ၊ ဟင်္သာတ ၊ ဇလွန်မြို့နယ် အတွင်းရှိ မြစ်ကမ်းဘေးနေ ဒေသခံပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း ကျောက်များကို လိုင်စင်စည်းကမ်းဘောင်ကို ကျော်လွန်၍ ကျောက်စုပ်ယူနေခြင်း ၊ ကျောက်မစုပ်ရလို့ သတ်မှတ်ထားသော နယ်မြေများတွင် စုပ်ယူနေခြင်း ၊ ဒေသခံပြည်သူများ ဥပဒေမဲ့ ကျောက်စုပ်ခြင်းကို တိုင်ကြားသော်လည်း အရေးမယူခြင်း ၊ အရေးယူသော်လည်း ထိရောက်စွာ အရေးမယူခြင်းတို့ကြောင့် မြစ်ကမ်းပါးများသည် သဘာဝလွန်ကာ အမြန်ကမ်းပြို ခဲ့ပါသည်။ ထို့ကြောင့် ဒေသခံ ပြည်သူများသည် စီးပွားရေး ၊ ရေဘေးအန္တရာယ် ၊ နေရေးထိုင်ရေး ၊ ပညာရေး ၊ ကျန်းမာရေးစသော ကိစ္စများ အချိန်နှင့်အမျှ ထိခိုက်နစ်နာနေရသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အနေနှင့် ယခုနှစ် လိုင်စင်အသစ်များ ထုတ်ပေးသောအခါ အဓိက ပျက်စီးနေရာများတွင် လိုင်စင်များရုတ်သိမ်းခြင်း၊ ဌာနဆိုင်ရာ ပညာရှင်များ ကို ကွင်းဆင်းစစ်ဆေး အတည်ပြုစေခြင်း၊ ဥပဒေနှင့်အညီ မထုတ်လုပ်သူများကို ထိရောက်စွာ အရေးယူခြင်းနှင့် ထုတ်ပေးသော လိုင်စင်အပေါ် တိုင်းဒေသကြီးအစိုးရ အနေနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုများ ရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆို။

အဆိုများ
20 ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး 28/06/2016
အိမ်မဲမြို့နယ်အမှတ်(၁)

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အရည်အသွေး ပြည့်ဝမှုမရှိခြင်း ၊ စံချိန် စံညွှန်းမမီသော အဆောက်အဦများကို ဒေသတိုင်းတွင် တွေ့ရှိရပါသဖြင့် ယခုနှစ် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီစွာ ရရှိနိုင်ပြီး ဒေသခံပြည်သူများ ရေရှည် အကျိုးရှိစေရေး ၊ နိုင်ငံတော်အတွက်လည်း ရေရှည် အကျိုးရှိသော အဆောက်အဦများ ဖြစ်ပေါ်စေရေးတို့ကို တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်း ကြောင်းအဆို။

အဆိုများ
21 ဒုတိယအကြိမ် ပထမပုံမှန်အစည်းအဝေး 11/05/2020
လေးမျက်နှာမြို့နယ်အမှတ်(၁)

ငဝန်မြစ်ရေကာတာအတွက် ပြည်သူများ စိုးရိမ်ကြောင့်ကြနေမှု လျော့ပါးကင်းဝေးစေရေးအတွက် ငဝန်ရေကာတာအား မိုးမကျမီ လုပ်ငန်းဆောင်ရွက်နိုင်သော အချိန်တိုကာလအတွင်း အားသွန်ကြိုးပမ်း၍ ပြုပြုင်မွမ်းမံဆောင်ရွက်ပေးပါရန်နှင့် မိုးရာသီ ကာလ အတွင်း တွေ့ကြုံလာနိုင်သည့် ရေဘေးအန္တရာယ်အား ထိရောက်စွာ ကူညီကာကွယ်ဆောင်ရွက်နိုင်ရေး ကြိုတင်ဆောင်ရွက် သွားနိုင်ရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို။

အဆိုများ

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး