အထူးအစည်းအဝေး
အထူးအစည်းအဝေးများ
(က) လွှတ်တော်အထူးအစည်းအဝေးကို ဖြစ်စေ ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပရန် လိုအပ်လျှင် ဥက္ကဋ္ဌက ခေါ်ယူကျင်းပနိုင်သည်။
(ခ)လွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အကြောင်းကြားလျှင် ဥက္ကဋ္ဌသည် အထူးအစည်းအဝေးကိုဖြစ်စေ ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံးခေါ်ယူကျင်းပရမည်။
(ဂ) လွှတ်တော်အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် ဥက္ကဋ္ဌက အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်။