Skip to main content

လွှတ်တော်လေ့လာရေး

လွှတ်တော် ဧည့်ဝန်ဆောင်မှု

ရည်ရွယ်ချက်

မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးအခန်းကဏ္ဍများတွင် ပြည်သူနှင့်လွှတ်တော်ကြား ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လွှတ်တော်လုပ်ငန်းစဉ်များ၏ အရေးပါမှုအခန်းကဏ္ဍအား ပြည်သူများမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများမှလည်း မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးလမ်းစဉ်များကို သိရှိစေရန်ဖြစ်သည်။

လေ့လာနိုင်မည့် အချိန်များ

ရုံးဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့ မှ သောကြာနေ့ များတွင်နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ လာရောက်လေ့လာနိုင်ပါသည်။
မှတ်ချက်။ လွှတ်တော်အစည်းအဝေးကျင်းပနေစဉ်ကာလအတွင်း လာရောက်လေ့လာပါက အစည်းအဝေးကျင်းပပြုလုပ်ပုံအား ဝင်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး အစည်းအဝေးရပ်နားစဉ်ကာလများတွင် လွှတ်တော်အဆောက်အဦနှင့် အခြားလေ့လာစရာများအား လေ့လာနိုင်မည်ဖြစ်ပါသည်။

လွှတ်တော်လက်ကမ်းစာစောင်ရယူရန်

မြန်မာ
English

လာရောက်လေ့လာသူများအနေဖြင့်လိုက်နာရမည့်စည်းကမ်းများ

  • လွှတ်တော်ဝင်/ထွက်ဂိတ်များတွင် လုံခြုံရေးအရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ ခံယူရမည်။
  • လွှတ်တော်အစည်းအဝေးသို့လာရောက်လေ့လာစဉ် မှတ်သားစရာစာအုပ်နှင့် ဘောပင်မှ လွဲ၍ Phone ၊ Camera စသည့် Electronic ပစ္စည်းများ ယူဆောင် အသုံးပြုခြင်း မပြုရ။
  • လွှတ်တော်ရုံးမှ ကန့်သတ်ထားသောနေရာများသို့ သွားလာခွင့်မပြု။
  • အစည်းအဝေး ခန်းမအတွင်းသို့ အစားအသောက်များ ယူဆောင်လာခြင်းမပြုရ။
  • လွှတ်တော်အစည်းအဝေး စတင်ကျင်းပပြုလုပ်ရန် ဥက္ကဋ္ဌ ကြွရောက်လာစဉ်နှင့် ပြန်လည်ထွက်ခွါစဉ် ဧည့်သည်အားလုံး မတ်တပ်ထရပ်ပေးကြပါရန်နှင့် အခမ်းအနားမှူးမှ အားလုံး ထိုင်နိုင်ပါပြီဟုခွင့်ပြုမှသာ ထိုင်ပေးကြပါရန်။
  • အဆိုပါလွှတ်တော်အစည်းအဝေးကျင်းပနေချိန်အတွင်း ကိုယ်စားလှယ်များလက်ခုပ်တီးသည့်အခါတွင် ဧည့်သည်များဖြစ်သည့်အတွက် လက်ခုပ်မတီးကြပါရန်နှင့်အစည်းအဝေး မရပ်နား၊ မပြီးဆုံးမီအပြင်သို့လုံးဝထွက်ခွါခွင့်မပြုကြပါရန်။
  • လေ့လာရေးစင်မြင့်တွင် နေရာယူသည့်အခါ ထိုင်ခုံပေါ်တွင် ဒူးထောက်ထိုင်ခြင်း၊ ရှေ့ခုံပေါ် ခြေထောက်တင်ခြင်း၊ စားပွဲပေါ်မှောက်အိပ်ခြင်း မပြုလုပ်ရ။ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော ဝတ်စားဆင်ယင်မှုပုံစံကို ရှောင်ကြဉ်ရမည်။ (ဥပမာ – စကတ်တို ၊ ဘောင်းဘီတို ၊ လည်ဟိုက်အင်္ကျီ ၊ လက်ပြတ်အင်္ကျီ စသည်တို့ မဝတ်ဆင်ရ။)

လေ့လာနိုင်သည့်နေရာများ

လာရောက်လေ့လာရန် လျှောက်ထားနိုင်သည့်လိပ်စာများ

ပြည်သူများမှ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ လာရောက်လေ့လာမည်ဆိုပါက လွှတ်တော်ရုံး  ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ သုံးရက်ကြိုတင် အကြောင်းကြားစာပေးပို့ရပါမည်။ စာ၊ အီးမေး၊ ဖက်စ်ဖြင့် ပေးပို့နိုင်ပြီး လူအမည်စာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ပတ်စ်ပို့နံပါတ်၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ယာဉ်အမှတ်နှင့် ယာဉ်မောင်းစာရင်းများ ပူးတွဲပေးပို့ရပါမည်။ လေ့လာသူများအနေဖြင့် လွှတ်တော်မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာရန် လိုအပ်ပါသည်။

စာဖြင့်တိုက်ရိုက်လျှောက်ထားလိုသူများဆက်သွယ်ရန်ဖုန်းနံပါတ်

၀၄၂- ၂၃၉၈၁ (ဖက်စ်)

Online မှလျှောက်ထားလိုသူများဆက်သွယ်ရန်ဖုန်းနံပါတ်

၀၄၂-၂၀၂၉၃၀၂

ဆက်သွယ်ရန် - အမှတ်(၁၅) ရပ်ကွက် ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး ၊ ရွှေရုပ်ထု အဝိုင်းအနီး၊ ပုသိမ်မြို့။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး