ဒေါ်စုစုအောင်အဆိုတင်သွင်းခြင်း(ဒုတိယပုံမှန်)
မေးမြန်းသူ -
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်၊ အင်္ဂပူမြို့နယ်များ အတွင်းရှိ ပုဂ္ဂလိက ရေနံချက် လုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် သစ်တော ပြုန်းတီးမှုများ ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ စွမ်းအင်ဝန်ကြီး ဌာနမှ အမိန့်ကြော်ငြာစာ အမှတ် ၆/၂၀၁၅ ပါချမှတ်ထားသော စည်းကမ်းချက်များအား လိုက်နာခြင်းမရှိသော ရေနံချက် ဖိုများအား ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားအရ တိုင်းဒေသကြီးအစိုးရ အနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက် ပေးပါရန် နှင့် ဖျက်သိမ်း ပေးပါရန် တိုက်တွန်းကြောင်း အဆို။