ဒေါ်စုစုအောင်အဆိုတင်သွင်းခြင်း(ပဉ္စမပုံမှန်)
မေးမြန်းသူ -
ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်းရှိ ဦးစီးဌာနများမှ ကုမ္ပဏီများကို တင်ဒါချထားပေးရာတွင် မည်သို့မည်ပုံ စည်းကမ်းချက် မူဝါဒများဖြင့် လုပ်ပိုင် ခွင့် ပေးခဲ့ခြင်း ၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများအား တင်ဒါစည်းမျဉ်း စည်းကမ်းများကို လိုက်နာမှုမရှိပါက ပွင့်လင်း မြင်သာစွာ ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ပေးပါရန်နှင့် မြို့နယ်အဆင့်အရည်အသွေး စိစစ်မှုကော်မတီများ ဖွဲ့စည်းရာတွင် လွှတ်တော် ကိုယ်စားလှယ်များကိုပါ တာဝန်ပေးအပ်ပေးရန် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့အား တိုက်တွန်းကြောင်း အဆို။