ကျောင်းကုန်းမြို့မအားကစားကွင်းနှင့်ရေကလုတ်ကျေးရွာမီးလင်းရေးကိစ္စ၊ ဒေါင့်ကြီးဆေးရုံအခြေအနေအား ကွင်းဆင်းခြင်း






၂၀.၈.၂၀၁၉ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် စွမ်းအင်၊ ဆက်သွယ်ရေး၊ စက်မှုလက်မှုနှင့်ဆောက်လုပ်ရေးရာကော်မတီမှ ကျောင်းကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရေကလုတ်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရေကလုတ်ကျေးရွာမီးလင်းရေးကော်မတီ၊ NEPကုမ္ပဏီ၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်အားကစားကွင်းတင်ဒါအောင်ကုမ္ပဏီ၊ ကျောင်းကုန်းမြို့နယ်ဆရာဝန်တို့နှင့်တွေ့ဆုံဆွေးနွေးပြီး နေ့လည်ပိုင်းအချိန်တွင် ကျောင်းကုန်းမြို့မအားကစားကွင်းနှင့်ရေကလုတ်ကျေးရွာမီးလင်းရေးကိစ္စ၊ ဒေါင့်ကြီးဆေးရုံအခြေအနေအား ကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။