Skip to main content

စာကြည့်တိုက်

၁။စာကြည့်တိုက်သမိုင်း

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး စာကြည့်တိုက်အား ၂၀၁၀ ခုနှစ်မှ ပထမအကြိမ် လွှတ်တော်သက်တမ်း(၅)နှစ်အထိ တိုင်းနှင့်ပြည်နယ်လွှတ်တော်တို့မှ ပေးပို့သည့် အစည်းအဝေး မှတ်တမ်း ၁၈၄ အုပ်၊ ဥပဒေစာအုပ်များ ၁၉၄ အုပ်၊ သုတ/ရသစာအုပ်များ(၁၆၂)အုပ်၊ စုစုပေါင်း (၅၄၉)အုပ်နှင့် နိုင်ငံတော်ပြန်တမ်းများကို အတွဲအမှတ်အလိုက်စာအုပ်များချုပ်၍ မှတ်တမ်းတင် ထားရှိပါသည်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် ၈.၁.၂၀၂၁ ရက်နေ့၌ လွှတ်တော်ခန်းမ အဆောက်အဦသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ်ထိ စုဆောင်းရရှိသည့် စာအုပ်စုစုပေါင်း ၂၅၅၉ အုပ်ထိရရှိပါသည်။

၂။စာကြည့်တိုက်အကျယ်အဝန်းနှင့်တည်နေရာ

(၄၇၇၀) စတုရန်းပေရှိ လွှတ်တော် စာကြည့်တိုက်တစ်ခုကို ထည့်သွင်းတည်ဆောက် ထားရှိပြီး ဥပဒေစာအုပ်များ၊ သုတ/ရသ/ဘာသာပြန်စာအုပ်များ၊ သတင်းစာများနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ၏ အမည်စာရင်းများ၊ မှတ်တမ်းဓာတ်ပုံများ ပြသထားရှိပါသည်။ တည်နေရာသည် လွှတ်တော်ခန်းမ အဆောက်အဦသစ်၏ အပေါ်ထပ် ညာဘက်အခြမ်းတွင်တည်ရှိပါသည်။

၃။စာကြည့်တိုက်လုပ်ငန်းများ

စာကြည့်တိုက်တွင် အသစ်ရောက်ရှိလာသောစာအုပ်များကို တိုက်ပိုင်စာရင်းရေးသွင်း ခြင်း၊ DDC စနစ်ဖြင့် ဘာသာရပ်အမျိုးအစားခွဲခြားခြင်း၊ ကတ်သလောက်ရေးသားခြင်း၊ စာအုပ် များအားစနစ်တကျ စင်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။

စာစုလုပ်ငန်းအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနနှင့် လွှတ်တော်မိတ်ဖက်အဖွဲ့အစည်းတို့ မှ လှူဒါန်းသည့် စာအုပ်များစုဆောင်းခြင်း၊ လွှတ်တော်သုံးရပ်မှ ပေးပို့သည့် မှတ်တမ်းများ၊ တိုင်း/ပြည်နယ်လွှတ်တော်ပေးပို့သော အစည်းအဝေးမှတ်တမ်းများ၊ စာတမ်းတိုများအားစု ဆောင်းခြင်း၊ ဥပဒေပြုရေးနှင့်သက်ဆိုင်သည့် စာအုပ်များစုဆောင်းခြင်း၊ နိုင်ငံတော်ပိုင် သတင်းစာနှင့်ပြန်တမ်းများ၊ ဂျာနယ်နှင့်မဂ္ဂဇင်းများအား ဝယ်ယူစုဆောင်းထားရှိပါသည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများသည် စာအုပ်များငှားရမ်းလိုပါက စာကြည့်တိုက်အသင်းဝင်မှတ်ပုံတင်ပြုလုပ်ပြီး စာအုပ်ငှားကတ်ထုတ်ယူသုံးစွဲနိုင်မည် ဖြစ်ပါသည်။ စာအုပ်များကို တစ်ဦးလျှင်တစ်ကြိမ် (၂)အုပ်နှုန်းဖြင့် (၇)ရက်ငှားရမ်းပေးပါသည်။

  • ရုံးဖွင့်ရက်များတွင် နံနက်(၉)နာရီမှ ညနေ(၃) နာရီအထိ ဖွင့်လှစ်ပေးပါသည်။

၄။စုဆောင်းထားရှိမှုစာရင်း

          ၁။အစည်းအဝေးမှတ်တမ်းစာအုပ်များ      -        ၄၈၀

          ၂။ဥပဒေစာအုပ်များ                               -        ၄၇၁

          ၃။သုတ/ရတ                                        -        ၁၂၂၆

          ၄။မဂ္ဂဇင်း                                             -        ၂၀၂

          ၅။အစီရင်ခံစာ/စီမံချက်/စာတမ်းများ        -        ၁၈၀

                   စုစုပေါင်း                                    -        ၂၅၅၉

(၄) အသစ်ရောက်ရှိသော စာအုပ်များ

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး