Skip to main content

E-Voting System တပ်မည့်အခြေအနေများရှင်းလင်းတင်ပြခြင်း

(၁၈.၁၂.၂၀၂၀) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမကြီး၌ တပ်ဆင်အသုံးပြုမည့် E-Voting System နှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ ၊ လွှတ်တော်ရုံးအရာထမ်းများအား Golden Gate International Co..,Ltd မှ တာဝန်ရှိသူများ ၊ SYNERGY EPCM Co..,Ltd (Project Management Team) မှ တာဝန်ရှိသူများမှ ပဏာမ စမ်းသပ် ရှင်းလင်းတင်ပြခဲ့ပါသည်။

About

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦး ကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ဦး၊ (ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ် လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၅၆ ဦး